လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာအုပ်စု၊ ဒညင်းကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးလူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ( ၁၄၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၂၆-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mon_apr2020

Sign Up

Upcoming Events