လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ​စလင်းမြို့နယ်၊ ​ကျေးရွာအုပ်စု(၅)အုပ်စု၊ ​​ကျေးရွာ(၅)ရွာတို့တွင် (၂၅-၄-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မိုးသက်​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၁၃)လုံး၊ အိမ်​ထောင်စု(၁၃)စု၊ လူဦး​ရေ(၆၉)ဦးတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၄၆၀,၀၀၀ိ/-)၊ ဆန်ရိက္ခါဖိုး(၇)ရက်စာ (၁၄၄၉၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၆၀၄,၉၀ဝိ/-)နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ အိမ်​ထောင်စု(၁)စုစာတို့အား (၂၆-၄-၂၀၂၀)ရက်​နေ့ (၁၁:၀၀)အချိန်တွင် ​ကျေးရွာအုပ်စုအုပ်​ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_apr2020

Source:        မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events