Author Archives: Department of Disaster Management

  • လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ

    ဇန်နဝါရီ ၁၅ ၊ နေပြည်တော် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့(၃)ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နေ့လယ် (၁၂း၃၀)နာရီအချိန်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူကုန်ကူး ခံရသူများအား … Read more

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁) ရက်နေ့ (၁၆:၄၀)အချိန်တွင် ညောင်ဦးမြို့နယ် ပုဂံဘူတာအရှေ့ဘက်၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ သွပ်မိုး- ထရံကာ – မြေစိုက် အိမ် (၂)လုံး လောင်ကျွမ်း ပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၁,၀၀ဝ)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၁,၀၀ဝ) ကျပ်နှင့် (၉၈,၇၂၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်ပြည်သူ (၆၁) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၈,၁၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၅၂၈,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၁၂)စုစာတို့အား ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့အတွင်းရှိ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅) ရပ်ကွက်တို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask များ ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်ရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁) ရက်နေ့တွင် ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရှမ်းမမဲလမ်း၊ မီးဘေးသင့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦး အတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)စု၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀,၅၀၀/-)ကျပ်အား (၁၅-၁-၂၀၂၁)ရက်နေ့၊ နံနက်(၁၁:ဝဝ)အချိန်တွင် ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_jan2021

  • Hand Sanitizer ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့ (၁၃:၂၀) နာရီအချိန်တွင် Hand Sanitizer များအား ဂန့်ဂေါမြို့၊ ပါရမီရှင်နာရေးကူညီမှုအသင်းအတွက်(၁၅)ဘူး၊ မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းအတွက်(၁၀)ဘူး၊ စုစုပေါင်း(၂၅)ဘူးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ar #mgy_jan2021

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၅- ၁-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၀၁) လုံး၊အိမ်ထောင်စု(၁၀၇)စု၊ လူဦးရေ (၅၀၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jan2021

  • ထိခိုက်ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့ (၁၆:၀၀) ချိန်တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာအုပ်စု၊ မန်ပိန်းကျေးရွာနေ မောင်နိုင်ညွန့်နှင့် ဦးသိန်းလွင် တို့သည် လက်ဖက်ခြံထဲတွင် ခြံရှင်းနေစဉ် မိုင်းနင်းမိပြီး ညာဖက်ပေါင်အရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိရာ အဆိုပါ မိုင်းထိဒဏ်ရာရပြည်သူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀)ကျပ်အား (၁၅-၁-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_jan2021

  • Hand Sanitizer ဘူးများ လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Hand Sanitizer (500 ml)ပါ (၂၅) ဘူးအား (၁၅-၁-၂၀၂၁) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁)နေ့တွင် ပန်နန်းဒင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ ငှက်ဘေးကြောင့် စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသော ငါ့ဝါကျေးရွာအုပ်စု၊ ဂဝိုင်ကျေးရွာမှ အိမ်ထောင်စု(၁၀)စု၊ ဒဘူဒမ်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၀)စုနှင့် အဝိဝမ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၇)စု၊ စုစုပေါင်းအိမ်ထောင်စု(၂၇)စုမှ လူဦးရေ (၁၂၅)ဦးတို့အတွက် စားနပ်ရိက္ခာ(၁)လစာ ဆန်(၃၉)အိတ်၊(၁)ပြည်၊ (၄)ဗူးအား ပန်နန်းဒင်မြို့၊ ခါကာဘိုရာဇီခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ပူတာအိုဒေသခံအလှူရှင်များမှ လှူဒါန်း ထားသော ဆောင်းဝတ်အနွေးထည် ဂုံနီအိတ်(၅)အိတ်အား ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events