
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁) ရက်နေ့တွင် ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရှမ်းမမဲလမ်း၊ မီးဘေးသင့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦး အတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)စု၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀,၅၀၀/-)ကျပ်အား (၁၅-၁-၂၀၂၁)ရက်နေ့၊ နံနက်(၁၁:ဝဝ)အချိန်တွင် ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#tny_jan2021