
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့ (၁၆:၀၀) ချိန်တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာအုပ်စု၊ မန်ပိန်းကျေးရွာနေ မောင်နိုင်ညွန့်နှင့် ဦးသိန်းလွင် တို့သည် လက်ဖက်ခြံထဲတွင် ခြံရှင်းနေစဉ် မိုင်းနင်းမိပြီး ညာဖက်ပေါင်အရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိရာ အဆိုပါ မိုင်းထိဒဏ်ရာရပြည်သူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀)ကျပ်အား (၁၅-၁-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#shn_jan2021