မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁) ရက်နေ့ (၁၆:၄၀)အချိန်တွင် ညောင်ဦးမြို့နယ် ပုဂံဘူတာအရှေ့ဘက်၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ သွပ်မိုး- ထရံကာ – မြေစိုက် အိမ် (၂)လုံး လောင်ကျွမ်း ပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၁,၀၀ဝ)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၁,၀၀ဝ) ကျပ်နှင့် (၉၈,၇၂၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၂) အိမ်ထာင်စာတို့ကို (၁၅-၁-၂၀၂၁) ရက်နေ့ (၁၅:၀၀) အချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#mdy¬_jan2021

Sign Up

Upcoming Events