ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၁)နေ့တွင် ပန်နန်းဒင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ ငှက်ဘေးကြောင့် စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသော ငါ့ဝါကျေးရွာအုပ်စု၊ ဂဝိုင်ကျေးရွာမှ အိမ်ထောင်စု(၁၀)စု၊ ဒဘူဒမ်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၀)စုနှင့် အဝိဝမ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၇)စု၊ စုစုပေါင်းအိမ်ထောင်စု(၂၇)စုမှ လူဦးရေ (၁၂၅)ဦးတို့အတွက် စားနပ်ရိက္ခာ(၁)လစာ ဆန်(၃၉)အိတ်၊(၁)ပြည်၊ (၄)ဗူးအား ပန်နန်းဒင်မြို့၊ ခါကာဘိုရာဇီခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ပူတာအိုဒေသခံအလှူရှင်များမှ လှူဒါန်း ထားသော ဆောင်းဝတ်အနွေးထည် ဂုံနီအိတ်(၅)အိတ်အား ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr
#kcn_jan2021

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events