Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)နေ့တွင် တောင်ပတ်ကျေးရွာ၊ ရှားတောကျေးရွာ၊ ယုံတောင်ကျေးရွာ၊ ကြာအင်းကုန်းကျေးရွာနှင့် ရွာဘကျေးရွာရှိ ပြည်သူများအား Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ကြေငြာခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ————————————————————————
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ အမှတ်(၁၊ ၂)ရပ်ကွက်တို့တွင်(၆.၅.၂၀၂၀)ရက်နေ့ (၁၆း၃၀)နာရီချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်(၁)ကျောင်းနှင့် လူနေအိမ်(၂)လုံး ပြိုလဲပျက်စီးခဲ့ပြီး ခရစ်ယာန်ကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၉)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၄)ဦးတို့ လေဘေးဒဏ်သင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂)အိမ်ထောင်စုစာ၊ သာသနိကအဆောက်အအုံနှင့် လူနေအိမ်တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၂၄၅၈ဝဝိ/-)၊ ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေကျပ်(၁၁၃၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၃၅၉၂၀ဝိ/-)အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၅-၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဦးအောင်ဇေယျရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်ရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပညာပေးကြေငြာချက်များအား ဆော်ဩမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး – ဘစ
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာနှင့် ပထက်ကျေးရွာတို့၌လည်းကောင်း၊ ညနေပိုင်းတွင် မြိတ်မြို့နယ်၊ သာရမဲကျေးရွာနှင့် ရွှေဒူးကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်/ကျေးအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဘိုက်သရက်ကျေးရွာ၊ မတောင့်တ(တောင်)ရွာ၊ မတောင့်တ(မြောက်)ရွာ၊ ရွှေသမင်ကျေးရွာ၊ မြင်းခြံပွားကျေးရွာ၊ သမ္မတောကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဆင်ဖြူခြည်ကျေးရွာ၊ မြင်သာကုန်းကျေးရွာနှင့် ဆားလင်းကြီးမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့၌ ယင်းမာပင်မြို့နယ်လူမှုကူညီရေးကွန်ယက်နှင့်အတူ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရန် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ နတ်ပီတိကျေးရွာအုပ်စု၊ စပ္ပါယ်ကရိုးကျေးရွာတွင် (၆.၅.၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၃)လုံး၊ ၎င်းအိမ်ထောင်စု (၃)စုရှိ မိသားစုဝင်(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၉၀၀၀၀ိ/-)၊ ဆန်ရိက္ခာထောက်ပံ့ငွေ (၁၈၉၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၈၉၀၀ိ/-)တို့ကို (၇.၅.၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဆော်ဩခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)ရက်နေ့တွင် သင်တောကျေးရွာအုပ်စု၊ သင်တောကျေးရွာ၊ အလယ်ခုန်ကျေးရွာ၊ ဇော်ချောင်းကျေးရွာများသို့ သွားရောက်ပြီး COVID_19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မိဘပြည်သူများသိရှိ လိုက်နာဆောင်ရွက်ရန်အတွက် အသိပညာပေးနှိုးဆော်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်း (၆-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် အောက်တဲကျေးရွာအုပ်စု၊ ဝက်သအင်းကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁) လုံး၊ လူဦးရေ(၄)ဦး၊ ပင့်သာကြီးကျေးရွာအုပ်စု၊ အုတ်ခင်းကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ လူဦးရေ(၆)ဦး၊ ဖလန်ချိုင်ကျေးရွာအုပ်စု၊ သရက်ကောင်းကျေးရွာမှ အမိုးလန်နေအိမ်(၁)လုံး၊ လူဦးရေ(၆)ဦး၊ စုစုပေါင်းအမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀ိ/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၃၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၅၃၆၀ဝိ/-) တို့ကို (၇-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် လေဘေးသင့်မိဘပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ ထလင်းကျေးရွာ၊ ပါးမျဉ်းကျေးရွာ၊ တောရင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ ရင်းရောင်းကျေးရွာနှင့် ပုဏ္ဏားကျေးရွာတို့တွင် (၆-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သာသနိကအဆောက်အဦ(၂)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၇၀၀၀ဝိ/-)၊ အမိုးလန် နေအိမ်(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၁၀၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၂၁၂၁၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၆၆၂၁၀ဝိ/-)တို့အား (၇-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီတို့နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုခံစားခဲ့ရသော ကျေးရွာအုပ်စု (၆) စု ရှိ အမိုးလန်နေအိမ် (၇၈)လုံးနှင့် ပြိုလဲနေအိမ် (၄)လုံးရှိ အိမ်ထောင်စု(၈၂)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၄၄၅၀၀) ကျပ် နှင့် လူဦးရေ (၂၈၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၉၄၃၀၀) ကျပ် စုစုပေါင်း ( ၃၆၃၈၈၀၀ ) ကျပ်နှင့် ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ … Read more
