လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်း (၆-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် အောက်တဲကျေးရွာအုပ်စု၊ ဝက်သအင်းကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁) လုံး၊ လူဦးရေ(၄)ဦး၊ ပင့်သာကြီးကျေးရွာအုပ်စု၊ အုတ်ခင်းကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ လူဦးရေ(၆)ဦး၊ ဖလန်ချိုင်ကျေးရွာအုပ်စု၊ သရက်ကောင်းကျေးရွာမှ အမိုးလန်နေအိမ်(၁)လုံး၊ လူဦးရေ(၆)ဦး၊ စုစုပေါင်းအမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်‌ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀ိ/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၃၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၅၃၆၀ဝိ/-) တို့ကို (၇-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် လေဘေးသင့်မိဘပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#sgg_may2020

Source:           ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events