လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုခံစားခဲ့ရသော ကျေးရွာအုပ်စု (၆) စု ရှိ အမိုးလန်နေအိမ် (၇၈)လုံးနှင့် ပြိုလဲနေအိမ် (၄)လုံးရှိ အိမ်ထောင်စု(၈၂)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၄၄၅၀၀) ကျပ် နှင့် လူဦးရေ (၂၈၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၉၄၃၀၀) ကျပ် စုစုပေါင်း ( ၃၆၃၈၈၀၀ ) ကျပ်နှင့် ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၄)ပုံးတို့အား (၇-၅-၂၀၂၀)ရက်နေ့ နေ့လယ် (၁၆:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)