လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ ထလင်းကျေးရွာ၊ ပါးမျဉ်းကျေးရွာ၊ တောရင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ ရင်းရောင်းကျေးရွာနှင့် ပုဏ္ဏားကျေးရွာတို့တွင် (၆-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သာသနိကအဆောက်အဦ(၂)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၇၀၀၀ဝိ/-)၊ အမိုးလန် နေအိမ်(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၁၀၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၂၁၂၁၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၆၆၂၁၀ဝိ/-)တို့အား (၇-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီတို့နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)