Author Archives: Department of Disaster Management
-
ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒါဏ်ရာရပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၌ (၂၉-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဓါတ်ငွေ့ပိုက်လိုင်းမှဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒါဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀,၀၀ဝ/-) ကျပ်ကို (၉-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထိခိုက် ဒါဏ်ရာရပြည်သူအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
IDPsစခန်းများ၌ (Covid-19) ရောဂါကာကွယ်ရန်အတွက် အပူချိန်တိုင်းစက်များ၊ လက်ဆေးဆပ်ပြာများနှင့် ထုံးအိတ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅- ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်းရှိ အိမ်ထောင်စု (၃၀)၊လူဦးရေ(၁၃၈) ဦး၊ ကာလိုင် (၁) ရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၄၉၆) ဦး၊ ကာလိုင်(၂)ရှိ အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ(၁,၁၀၅) ဦး၊ (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး ရှိ အိမ်ထောင်စု(၅၆) စု၊ လူဦးရေ(၂၆၅)ဦး၊ (၆)ရပ်ကွက် မူကြိုကျောင်းရှိ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၈၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၈၃)စု၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၉-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီမှ စတင်၍ မြင်းခြံမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)အုပ်စုရှိ၊ ကျေးရွာ(၂၁)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်တို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့ ၊ ညနေ (၁၆:၀၀) နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ ပြာကတက်အုပ်စု (ပြာကတက် အရှေ့စု /အနောက်စု / ပြာကတက်တောင် / စံပယ်ကွင်း၊ မိုးကုတ်/ ခနွယ်/ သောင်ငူ) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ဓမ္မစင်္ကြာကျေးရွာ၊ လောကထု(ကွက်သစ်)နှင့် လောကထုကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၂)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၅၉၅,၀၀၀/-)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၇၃,၂၀၀/-) ကျပ်အား (၉-၅-၂၀၂၀) ရက်နေ့(၁၃:၃၀)နာရီအချိန်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့ တွင် မင်းကင်းမြို့နယ်၊ နနွင်းချောင်းကျေးရွာ၊ ပုထိုးလုံးကျေးရွာ၊ မင်းစားကျေးရွာနှင့် ဒိုင်ကြီး ကျေးရွာတို့တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #agg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ(၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် ၊သထုံခရိုင်၊ သထုံမြို့နယ် ဆိပ်ကျွန်းကျေးရွာနှင့် မရမ်းကုန်းကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေပူ-ကော့စပ်ကျေးရွာနှင့် ဖာသိမ်ကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူသို့ အသိပညာပေးပန်ကြားခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့ ၊ (၇:၃၀) နာရီအချိန်မှစတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စု၊ လမ်းမှန်ကျေးရွာ၊ ဝက်ပုတ်ကျေးရွာ၊ ညောင်ကွေ့ကျေးရွာ၊ ရေအေးကျေးရွာ၊ လွှဲဆိပ်ကျေးရွာ အုပ်စု ၊ မှန်နီပင်ကျေးရွာ၊ လွှဲဆိပ်ကျေးရွာ၊ (၁၁)ပေါက် ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19 နှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးနှင့် မီးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၃၀) နာရီအချိန်မှစ၍ နေ့လည်(၁၂:၀၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးကျေးရွာ၊ ဖျာပုံစုကျေးရွာ၊ ဝါးကြိတ်လိန်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ဂရက်ကြီး ကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာ၊ ကုက္ကိုစုကျေးရွာ၊ ခွေးလေးဝကျေးရွာ၊ ကွင်းကလေးကျေးရွာ တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာ ပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
