ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒါဏ်ရာရပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၌ (၂၉-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဓါတ်ငွေ့ပိုက်လိုင်းမှဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒါဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀,၀၀ဝ/-) ကျပ်ကို (၉-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထိခိုက် ဒါဏ်ရာရပြည်သူအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_otr

#ayy_may2020

 

 

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events