လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၉-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီမှ စတင်၍ မြင်းခြံမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)အုပ်စုရှိ၊ ကျေးရွာ(၂၁)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်တို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_may2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)