လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅- ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်းရှိ အိမ်ထောင်စု (၃၀)၊လူဦးရေ(၁၃၈) ဦး၊ ကာလိုင် (၁) ရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၄၉၆) ဦး၊ ကာလိုင်(၂)ရှိ အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ(၁,၁၀၅) ဦး၊ (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး ရှိ အိမ်ထောင်စု(၅၆) စု၊ လူဦးရေ(၂၆၅)ဦး၊ (၆)ရပ်ကွက် မူကြိုကျောင်းရှိ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၈၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၈၃)စု၊ လူဦးရေ( ၂၁၉၁) ဦး ၊ IDPs စခန်း (၅)ခုအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်၊ အပူချိန်တိုင်းစက်(၁)ခု (၈၀,၀၀၀ ကျပ်)၊ လက်ဆေးဆပ်ပြာ (၁) ခဲလျှင်(၃၀၀) ကျပ်တန်ဖိုးဖြင့် လူ (၁)ဦးလျှင်(၂)ခဲနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စခန်းအတွင်းရှိ လူစုဝေးရာနေရာများဖြစ်သည့် အများပြည်သူသုံးနေရာများ(ရေချိုးခန်း၊အိမ်သာ၊ လက်ဆေးရာနေရာများ၊ ရေမြောင်းများ၊ အမှိုက်ကန်များအနီး)တွင် ထုံးဖြူးပေးခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)