Author Archives: Department of Disaster Management
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်မှစ၍ နံနက်(၁၁:၀၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၆)ရပ်ကွက် ဒိုဘီကုန်းဈေး၊ အမှတ်(၂)ရပ်ကွက် ကမ်းနားဈေး၊ (၃) လမ်းဈေး၊ အမှတ်(၅) ရပ်ကွက် သဲပုံဆိပ်ဈေး၊ အမှတ်(၉)ရပ်ကွက် ယာယီ အခွန်လွတ်ဈေးနှင့် ကံ့ကော်မြိုင် ရပ်ကွက် တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ(၈)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၁၆,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၁၆,၈၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir … Read more
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယအကြိမ် တောင်ရပ်ကွက်၊ ရန်အောင်မြေ ဘုန်းကြီးကျောင်းတိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု(၂၁၆)စု၊ လူဦးရေ (၈၃၄)ဦးအား လက်ဆေးစင်(၁)ခု၊ ဆပ်ပြာ (၅ဝ)တောင့်၊ MASK (၂၄)ခု၊ ထုံး (၉)အိတ်၊ ဗီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် (၂၁၆) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခုအားလည်းကောင်း၊ ဒုတိယအကြိမ် တောင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းကြီးကျောင်းတိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၅၃၆)စု၊ လူဦးရေ (၂၃၂၁)ဦးအား လက်ဆေးစင်(၂) ခု၊ ထုံး (၉)အိတ်၊ ဗီနိုင် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွါးခဲ့သော လေဘေးကြောင့် ရမည်းသင်းမြို့နယ်၊ ကျေးရွာပေါင်း(၂၁)ရွာတွင် အမိုးလန် အိမ်ခြေ(၉၄)လုံး၊ ပြိုကျအိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ(၄၁၆)ဦး လေဘေးသင်ခဲ့ပြီး အဆိုပါအိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၇,၈၁၃,၅၀၀)၊ ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ် (၈၇၃,၆၀၀)နှင့် ပြိုကျအိမ်ထောင်စု(၁၄)စုအတွက် (၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်လျှင်(၁)ပုံး၊ စုစု ပေါင်းထောက်ပံ့ငွေကျပ်(၉,၁၇၃,၆၄၂)အား (၁၁-၅ -၂၀၂၀)ရက်နေ့ (၁၅း၄၅)အချိန်တွင်လည်းကောင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ လေဘေးသင့် အမိုးလန်အိမ်ခြေ (၁၄၁)လုံး၊ ပြိုကျအိမ်ခြေ(၁၂)လုံး၊ ပြိုကျဘုန်းကြီးကျောင်း(၂) ကျောင်း၊ လူဦးရေ(၇၂၃)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ်(၁,၅၁၈,၃၀၀)၊ … Read more
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုန်းကျေးရွာအုပ်စု၊ ကွင်းမြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၂) စုစာတို့အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၁.၅.၂၀၂၀၀နေ့ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ ရှမ်းတောင်ကျေးရွာ၊ တက်လက်ငယ်ကျေးရွာ၊ တောင်ပုလဲကျေးရွာတို့တွင် COVID19ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးလှည့်လည်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဂန့်ကော်တော ကျေးရွာအုန်းပင်ကွင်းကျေးရွာ တို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း ၍ (၁၁-၅-၂၀၂၀)ရက်နေ့တွင် သဘော့ကျေးရွာအုပ်စုရှိ မအူကုန်းကျေးရွာ၊ သဘော့ကျေးရွာ၊ ငွေသဇင် ကျေးရွာများ၊ ပွတ်ကုန်းကျေးရွာအုပ်စုရှိ လက်ပန်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ အုတ်တွင်းကျေးရွာ၊မြေရဲကွင်းကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ အသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင် ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူ ကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာနှင့် နမ့်ကွီကျေးရွာ၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာ၊ ပေါ်ဖာ ကျေးရွာ၊ ကောင်းဆန်းကျေးရွာ၊ ဝမ်လင်းကျေးရွာ၊ နောင်ပလာကျေးရွာနှင့် ဟွေယုတ်ကျေးရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၀၇:၁၅) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ စုစုပေါင်း (၁၃၉) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် မီးဘေး ဖြစ်ပွားခဲ့ရာ မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာမှ ဘေးသင့်အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၅၂) စုမှ လူဦးရေ (၁၈၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၈၀,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅,၈၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၆,၁၈၀,၁၀၀) ကျပ်နှင့် (၅၂)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးစီ တို့ကို (၁၁-၅-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir … Read more
