လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယအကြိမ် တောင်ရပ်ကွက်၊ ရန်အောင်မြေ ဘုန်းကြီးကျောင်းတိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု(၂၁၆)စု၊ လူဦးရေ (၈၃၄)ဦးအား လက်ဆေးစင်(၁)ခု၊ ဆပ်ပြာ (၅ဝ)တောင့်၊ MASK (၂၄)ခု၊ ထုံး (၉)အိတ်၊ ဗီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် (၂၁၆) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခုအားလည်းကောင်း၊ ဒုတိယအကြိမ် တောင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းကြီးကျောင်းတိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၅၃၆)စု၊ လူဦးရေ (၂၃၂၁)ဦးအား လက်ဆေးစင်(၂) ခု၊ ထုံး (၉)အိတ်၊ ဗီနိုင် (၁)ချပ်၊ လက်သန့်ဆေးရည် (၅၃၆) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခုအားလည်းကောင်း၊ တတိယအကြိမ် ဂန္ဓာရီပရဟိတ ဘုန်းကြီးကျောင်း တိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၆၉) စု၊ လူဦးရေ (၃၅၇) ဦးအား လက်သန့်ဆေးရည် (၆၉) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခုအားလည်းကောင်း၊ ဒုတိယအကြိမ် တောင်ရပ်ကွက်၊ မြတောင်ဘုန်းကြီးကျောင်း တိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၂ဝ၅)စု၊ လူဦးရေ (၁၀၉) ဦးအား လက်ဆေးစင်(၁)ခု၊ ထုံး (၉)အိတ်၊ ဗီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည်(၂ဝ၅)ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခုအားလည်းကောင်း၊ ခွဆုံ ရခိုင်တိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၁၈၁)စု၊ လူဦးရေ (၇၄၆) ဦးအား လက်ဆေးစင်(၂)ခု၊ ထုံး (၁ဝ)အိတ်၊ ဗီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် (၁၈၁)ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခု၊ Mask (၃၆၂) ခု၊ ဆပ်ပြာ (၇၄၆)တောင့်အားလည်းကောင်း၊ ခွဆုံ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၅၄)စု၊ လူဦးရေ (၂၃၅) ဦးအား ထုံး (၅)အိတ်၊ ဗီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် (၅၄) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခု၊ Mask (၁၀၈)ခု၊ ဆပ်ပြာ (၂၃၅)တောင့်အားလည်းကောင်း၊ အောင်ပ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၁၈) ဦးအား ထုံး (၅) အိတ်၊ ဗီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် (၂၅)ဘူး၊ အပူချိန်တိုင်းကရိယာ (၁)ခု၊ Mask (၅၀)ခု၊ ဆပ်ပြာ (၁၁၈)တောင့်အားလည်းကောင်း (၁၁-၅-၂၀၂၀)ရက်နေ့တွင် စုရပ်စခန်းတာဝန်ရှိသူများထံသွားရောက် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_may2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)