COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်မှစ၍ နံနက်(၁၁:၀၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၆)ရပ်ကွက် ဒိုဘီကုန်းဈေး၊ အမှတ်(၂)ရပ်ကွက် ကမ်းနားဈေး၊ (၃) လမ်းဈေး၊ အမှတ်(၅) ရပ်ကွက် သဲပုံဆိပ်ဈေး၊ အမှတ်(၉)ရပ်ကွက် ယာယီ အခွန်လွတ်ဈေးနှင့် ကံ့ကော်မြိုင် ရပ်ကွက် တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_may2020

Sign Up

Upcoming Events