လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူ ကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာနှင့် နမ့်ကွီကျေးရွာ၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာ၊ ပေါ်ဖာ ကျေးရွာ၊ ကောင်းဆန်းကျေးရွာ၊ ဝမ်လင်းကျေးရွာ၊ နောင်ပလာကျေးရွာနှင့် ဟွေယုတ်ကျေးရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၀၇:၁၅) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ စုစုပေါင်း (၁၃၉) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ (၂,၂၀၀,၀၀၀)ခန့်ရှိပြီး အဆိုပါလေဘေးသင့် စုစုပေါင်းအိမ်ထောင်စု (၂၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၁) ပတ်စာ (၂၉၁,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုးတို့ကို (၁၁-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀) နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#shn_may2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events