မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် မီးဘေး ဖြစ်ပွားခဲ့ရာ မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာမှ ဘေးသင့်အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၅၂) စုမှ လူဦးရေ (၁၈၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၈၀,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅,၈၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၆,၁၈၀,၁၀၀) ကျပ်နှင့် (၅၂)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးစီ တို့ကို (၁၁-၅-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#sgg_may2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events