Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ (၁၆:၅၅)နာရီအချိန်မှ (၁၇:၄၅)အချိန်အထိ မိုးသက် လေပြင်းတိုက်ခက်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ တက်မကျေးရွာအုပ်စု၊ တက်မကျေးရွာတွင် အမိုးလန်အိမ်ခြေ(၂) လုံး၊ လူဦးရေ(၆)ဦး၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကမ္ဘားနီကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁) လုံး၊ လူဦးရေ (၇)ဦး၊ အနောက်ကမ်းဖြူ ကျေးရွာအုပ်စု၊ အနောက်ကမ်းဖြူ ကျေးရွာနှင့် ဘဲကျကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁၄) လုံး၊ လူဦးရေ (၄၈)ဦး၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ ထွန်ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁) … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင် ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါမူကလား ကျေးရွာနှင့် နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတို့တွင် (၁၀-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်(၁၇)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့် အိမ်ထောင်စု(၁၇)စု၊ လူဦးရေ (၇၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၇၀၀၀၀/-)ကျပ် နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆၃၈၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၁၄၃၃၈၀၀/-)ကျပ်ကို (၁၁-၅-၂၀၂၀) ရက်နေ့ ၊(၁၃:၀၀)နာရီတွင် ထောက်ပံ့ခဲ့ကြောင်း … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် ပန်းပဲစုကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာတွင် (၁၀:၀၀)နာရီ၌လည်းကောင်း၊ ပျားရည်စုကျေးရွာတွင်(၁၂:၀၀)နာရီ၌လည်းကောင်း၊ ကွင်းချောင်းကျေး ကျေးရွာတွင် (၁၄:၀၀)နာရီတို့၌ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး နှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ၊ (၁၅:၀၀)နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ဝါးပင်ကျေးရွာအုပ်စု၊ ဝါးပင်ကျေးရွာနှင့် ခေါင်းတင်ကျေးရွာအုပ်စု၊ ခေါင်းတင်ကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၁၂-၅-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက်စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) အချိန်ခန့်တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ကယ်ဝှက် (၂) ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးပြီး အိမ်ဆောက်ပစ္စည်း နှင့်ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၂၀၃၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၁၂-၅-၂၀၂၀)ရက်နေ့ (၁၅:၃၀) … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် မလှိုင်မြို့နယ်အတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက် အလက်များကို အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mdy_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၁:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဘုတ်ကုန်းကျေးရွာအုပ်စုနှင့် မြေမွန်ကျေးအုပ်စု များမှ အမိုးလန်ပျက်စီးသွားသောနေအိမ် (၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၃၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ(၈၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၄၈၀ဝ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၁၄၈၀ဝ/-)ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူ(၁)ဦးနှင့် သက်ဆိုင်ရာကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် လေဘေးသင့်ပြည်သူများထံသို့ (၁၂-၅-၂၀၂၀)ရက်နေ့(၁၅:၄၅)အချိန်တွင် ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန် (၂)ကျေးရွာနှင့် ကန်ရေကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၂)ဦး အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၈,၂၀၀/-)ကျပ်အား (၁၂-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် လွှတ်တော်ကိုယ်စာလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mgy_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၂၀)ရက်နေ့ (၁၆းဝဝ)နာရီချိန်၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နဒီကျေးရွာ၊ မဲကနယ်ကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်(၂)ကျောင်းနှင့် လူနေအိမ်(၁၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၄၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၃၅၅၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၁ဝ၂၉၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၃၈၄၀ဝိ/-)ကျပ်အား မြဝတီမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့ကြက်ခြေနီအသင်းတို့နှင့်အတူ (၁၂-၅-၂၀၂၀)ရက်နေ့ (၁၄းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #krn_may2020

Sign Up

Upcoming Events