လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) အချိန်ခန့်တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ကယ်ဝှက် (၂) ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးပြီး အိမ်ဆောက်ပစ္စည်း နှင့်ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၂၀၃၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၁၂-၅-၂၀၂၀)ရက်နေ့ (၁၅:၃၀) နာရီအချိန်ခန့်တွင် လေဘေးသင့်ပြည်သူများလက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#shn_may2020

Sign Up

Upcoming Events