လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ (၁၆:၅၅)နာရီအချိန်မှ (၁၇:၄၅)အချိန်အထိ မိုးသက် လေပြင်းတိုက်ခက်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ တက်မကျေးရွာအုပ်စု၊ တက်မကျေးရွာတွင် အမိုးလန်အိမ်ခြေ(၂) လုံး၊ လူဦးရေ(၆)ဦး၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကမ္ဘားနီကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁) လုံး၊ လူဦးရေ (၇)ဦး၊ အနောက်ကမ်းဖြူ ကျေးရွာအုပ်စု၊ အနောက်ကမ်းဖြူ ကျေးရွာနှင့် ဘဲကျကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁၄) လုံး၊ လူဦးရေ (၄၈)ဦး၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ ထွန်ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၁) လုံး၊ လူဦးရေ (၃)ဦး၊ ကူရှည်ကျေးရွာအုပ်စု၊ တပေါင်းကျေးရွာတွင် အမိုးလန်အိမ်ခြေ (၄၅) လုံး၊ လူဦးရေ (၂၂၉)ဦး၊ စုစုပေါင်း အမိုးလန်အိမ်ခြေ (၆၃) လုံး၊ လူဦးရေ (၂၉၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၁၅၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၂၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၁၃၅၃၀၀/-)ကျပ်အား (၁၂-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#npw_may2020