Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့တွင် ဘိုကလေးမြို့ နယ်၊ သဇင်ကုန်းကျေးရွာအုပ်စု၊ မယ်တော်စု နှာခေါင်းခကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံးပါ (၁)အိမ်ထောင်စာ တန်ဖိုး (၃၇,၇၅၃)ကျပ်၊ အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ ဘေးသင့် လူဦးရေ(၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀)ကျပ်တို့ကို (၁၅-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ် အတွင်းရှိ သံဘိုအုပ်စု၊ ဂွေ့အိုင်အုပ်စု၊ တပျော်အုပ်စု၊ မြင်းကန်အုပ်စုတို့ရှိ ကျေးရွာ (၃၇) ရွာ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များသိရှိနားလည်လိုက်နာဆောင်ရွက် စေရန် အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရေး ဂန့်ဂေါခရိုင်အတွင်း၌ ယာဉ်ဝင်/ထွက်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များကို ကိုယ်အပူချိန်တိုင်းခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ပြည်မြို့နယ်၊ ထမကောက်ကျေးရွာ၊ မြရွာကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ပန်းတင်ကျေးရွာ၊ နတ်တလင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ထန်းပေါက်ကျေးရွာ၊ ကြာအင်းကျေးရွာနှင့် နဝင်းရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2020 Source:           ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ထုံးအိတ်၊ ဆပ်ပြာနှင့် အပူချိန်တိုင်းကိရိယာထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ စိန်ပတ်ထရစ်ဘုရားကျောင်း IDPစခန်းအတွင်းရှိ အိမ်‌ထောင်စု(၁၂)စုမှ လူဦးရေ(၆၇)ဦးတို့အတွက် ထုံးအိတ်(၁၀)အိတ်၊ ဆပ်ပြာ(၆၇)ခဲနှင့်​ အပူချိန်တိုင်းကိရိယာ(၁)ခုတို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn_may2020 Source:           မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ နမ္မနကျေးရွာ၊ တောင်နီကျေးရွာ၊ ​ကညှင်မြိုင်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source:           မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အေးရွာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန် နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၁၉၀,၀၀ဝ/-) ကျပ်ကို (၁၅-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၌ ညောင်လေး ပင်မြို့နယ်၊ သံတံတားကျေးရွာအုပ်စု၊ သံတံတားကျေးရွာနှင့် စီပင်ကျေးရွာအုပ်စု၊ စီပင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၉) လုံးနှင့် ပြိုလဲနေအိမ် (၁) လုံးတို့ ပျက်စီးခဲ့ရာ အဆိုပါအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၂၀,၀၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁)လုံးမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ် ၊ စုစုပေါင်း … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာအုပ်စု၊ သက္ကယ်​မြောင်ကျေးရွာ၌ (၁၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁) စုစာတို့ကို (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ #ha_fir #mgy_may2020 Source:           တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီး ဌာနနှင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ်၊ အုံးကြောကျေးရွာ (ရွာဟောင်း)၊ အုံးကြောကျေးရွာ(ရွာသစ်)နှင့် ရွှေဇာလီကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ် ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2020     Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events