လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့တွင် ဘိုကလေးမြို့ နယ်၊ သဇင်ကုန်းကျေးရွာအုပ်စု၊ မယ်တော်စု နှာခေါင်းခကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံးပါ (၁)အိမ်ထောင်စာ တန်ဖိုး (၃၇,၇၅၃)ကျပ်၊ အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ ဘေးသင့် လူဦးရေ(၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀)ကျပ်တို့ကို (၁၅-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)