လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အေးရွာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန် နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၁၉၀,၀၀ဝ/-) ကျပ်ကို (၁၅-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)