လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၌ ညောင်လေး ပင်မြို့နယ်၊ သံတံတားကျေးရွာအုပ်စု၊ သံတံတားကျေးရွာနှင့် စီပင်ကျေးရွာအုပ်စု၊ စီပင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၉) လုံးနှင့် ပြိုလဲနေအိမ် (၁) လုံးတို့ ပျက်စီးခဲ့ရာ အဆိုပါအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၂၀,၀၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁)လုံးမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ် ၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၂၂,၁၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၆:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။
Source: ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)