ထုံးအိတ်၊ ဆပ်ပြာနှင့် အပူချိန်တိုင်းကိရိယာထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ စိန်ပတ်ထရစ်ဘုရားကျောင်း IDPစခန်းအတွင်းရှိ အိမ်‌ထောင်စု(၁၂)စုမှ လူဦးရေ(၆၇)ဦးတို့အတွက် ထုံးအိတ်(၁၀)အိတ်၊ ဆပ်ပြာ(၆၇)ခဲနှင့်​ အပူချိန်တိုင်းကိရိယာ(၁)ခုတို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_may2020

Source:           မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events