လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ် အတွင်းရှိ သံဘိုအုပ်စု၊ ဂွေ့အိုင်အုပ်စု၊ တပျော်အုပ်စု၊ မြင်းကန်အုပ်စုတို့ရှိ ကျေးရွာ (၃၇) ရွာ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များသိရှိနားလည်လိုက်နာဆောင်ရွက် စေရန် အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#mdy_may2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)