Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်နေသည့် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာ အုပ်စု၊ ဆူးရစ်တန်းကျေးရွာသို့ သောက်သုံးရေကား (၂) စီး သောက်သုံးရေဂါလံ (၃၄၀၀) ကို ( ၁၉- ၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_may2020

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၂၀) ရက်​​နေ့တွင် မိုးသီးကြွေကျမှုကြောင့် ဘေးသင့်ခံစားခဲ့ရသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ကုန်ကြမ်းမြို့နယ်၊ တာ့ကုန်းကြမ်းကျေးရွာအုပ်စု၊ ရင်ဖန်ထိုကျေးရွာရှိ အိမ်​ခြေ(၁၂)လုံး ၊ အိမ်​ထောင်စု(၁၂)စုတို့မှ လူဦးရေ (၆၆) ဦးတို့အတွက်  စုစုပေါင်းကယ်ဆယ်​ရေးထောက်ပံ့ ရန်ပုံငွေ (၄၅၀,၀၀ဝိ/-) ကျပ်အား ​(၁၉-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ကုန်းကြမ်းမြို့နယ် အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှတစ်ဆင့် ​ဘေးသင့်ပြည်သူလက်ဝယ်သို့  လွှဲ​ပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_hstr #shn_may2020 Source: ​လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မိုးကောင်းနှစ်ခြင်း မူကြိုကျောင်း၊ နတ်ကြီးကုန်းနှင့် မဟောင်နှစ်ခြင်း နောင်ကိုင်တော် IDPs စခန်း(၂)ခုမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၂၁)ဦးတို့အတွက် ဆပ်ပြာ (၁၂၁)ခဲ၊ ထုံး(၂၀)အိတ်နှင့် အပူချိန်တိုင်းကိရိယာ(၂)ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၅) ရပ်ကွက်၊ ပုဇွန် ဆိပ်ကျေးရွာအုပ်စုနှင့် ဖြုတ်ခွဲကျေးရွာအုပ်စုတို့တွင် (၁၈-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၈) လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၂၅၀ဝိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၈၁၀ဝိ/-)ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့ ၊ (၁၄:၃၀) နာရီအချိန်တွင် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာ (၉)ရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၄၀၀၀၀/-)ကျပ်နှင့် အမိုးလန်ပျက်စီး ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၀၀၀၀/-)ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ sgw #bgo_may2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

    နေပြည်တော်၊ မေ ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ အထူးသဖြင့် COVID-19 ကာလ အတွင်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲတို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ UNICEF … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် (၁၈-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀,၅၀၀/-)ကျပ်အား (၁၉-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင်  သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ် အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၃၈၉)ဦး၊ မိုင်းယု(ကုန်စုံ)အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၅၉)စု၊ လူဦးရေ(၈၁၃)ဦးတို့အတွက် လူတစ်ဦးလျှင် အဝတ် masks (၂) ခု နှုန်း၊ အိမ်ထောင်စု တစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂) ဗူးနှုန်း ဖြင့်စုစုပေါင်း အဝတ်mask (၁၆၂၆)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၅-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ဆပ်သေကျေးရွာအုပ်စု အတွင်း ရှိ ကျေးရွာခွဲ(၅)ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန် အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟော‌ပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ပြင်ဖြူမော်ရပ်ကွက်နှင့် င/လပွေ့ရပ်ကွက်တို့တွင် (AMPHAN၊အမ်ဖန်) မုန်တိုင်းအန္တရာယ် သတိပေး နှိုးဆော်ခြင်းနှင့် မုန်တိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့အား မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_may2020

Sign Up

Upcoming Events