လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၂၀) ရက်နေ့တွင် မိုးသီးကြွေကျမှုကြောင့် ဘေးသင့်ခံစားခဲ့ရသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်ကြမ်းမြို့နယ်၊ တာ့ကုန်းကြမ်းကျေးရွာအုပ်စု၊ ရင်ဖန်ထိုကျေးရွာရှိ အိမ်ခြေ(၁၂)လုံး ၊ အိမ်ထောင်စု(၁၂)စုတို့မှ လူဦးရေ (၆၆) ဦးတို့အတွက် စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ ရန်ပုံငွေ (၄၅၀,၀၀ဝိ/-) ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ကုန်းကြမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_hstr
#shn_may2020
Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)