လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မိုးကောင်းနှစ်ခြင်း မူကြိုကျောင်း၊ နတ်ကြီးကုန်းနှင့် မဟောင်နှစ်ခြင်း နောင်ကိုင်တော် IDPs စခန်း(၂)ခုမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၂၁)ဦးတို့အတွက် ဆပ်ပြာ (၁၂၁)ခဲ၊ ထုံး(၂၀)အိတ်နှင့် အပူချိန်တိုင်းကိရိယာ(၂)ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)