Author Archives: Department of Disaster Management
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ နှစ်ခြင်း(မူရင်း) IDPစခန်း အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ(၅၀)ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁)ခု၊ hand speaker (၁)ခု၊ memory stick( ၁) ခု၊ ဘေစင်( ၁)စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၅၀)ခဲ၊ လက်သန့်ဆေးရည်(၂၂)ဗူးနှင့် အဝတ်mask (၁၀၀)ခု၊ ဗန်းမော်မြို့၊ ရောဘတ်ကျောင်း IDPစခန်း၊ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ(၃၉၅၅)ဉီးတို့အတွက် hand speaker(၁)ခု၊ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀ )ရက် နှင့် (၁၉-၅-၂၀၂၀) ရက်များတွင် (၁၃:၃၀)နာရီအချိန်နှင့် (၁၇:၃၀)နာရီအချိန်တို့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ (၅)ရွာ တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်အမိုးလန်နေအိမ် (၆) လုံးတို့အတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀ဝိ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၀၀၀ဝိ)ကျပ် တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်နှင့်(၂၀-၅-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီ အချိန် တို့တွင် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့အတွင်း ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘုန်းကြီးကျောင်း( ၁ )ကျောင်း၊ ဘုရားရှိခိုကျောင်း ရှိအဆောက်အဦ ( ၂ ) လုံးနှင့် အမိုးလန်အိမ်ခြေ (၁၄)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၄) အိမ်ထောင်စာ၊ လူဦးရေ(၇၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄၉၁၀၀/-)ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၁၂၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆၁၁၀၀/-)ကျပ်အား (၂၁-၅-၂၀၂၀) … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ နံနက် (၁၁:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင်အသိပညာပေးဗီနိူင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရတနာပုံရပ်ကွက်မှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁,၀၀ဝ) ကျပ်အား (၂၁-၅-၂၀၂၀) ရက်နေ့ (၁၁:၄၅) အချိန်တွင် ပြည်သူ့လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ၊ မြောက်ကုန်းကြီးကျေးရွာ၊ မှတ်တိုင်တိုက်နယ်၊ ပေါက်တောကျေးရွာ၊ မြရာစမ်းကျေးရွာတို့တွင် (COVID -19) ရောဂါ ကူးစက် ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_may2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့၊ (၀၀:၃၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ကျေသာကျေးရွာအုပ်စုနှင့် ဆင်စုရပ်ကွက်တို့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင် (၁)စုစာတို့အား (၂၀-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှေ့ဆက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
မေလ ၂၀ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆွစ်ဇာလန် နိုင်ငံမှ ကျွမ်းကျင်ပညာရှင် Prof: Walter Kelin နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရှေ့ဆက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ Video Conferences ဖြင့်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး အမျိူးသားအဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်ထိ ထီးလင်းမြို့နယ်၊ သရခါကျေးရွာအုပ်စု၊ သရခါကျေးရွာနှင့် တောင်ဘက်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၂၀ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ များအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ လီဆူနှစ်ခြင်းဘော်ဒါ၊ AD 2000 နှင့် မိုးကောင်းမြို့နယ်ရှိ ကျွန်းတော IDP စခန်း စုစုပေါင်း (၃)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၆၉၈)ဗူး၊ … Read more
