ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ


မေလ ၂၀ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ များအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ လီဆူနှစ်ခြင်းဘော်ဒါ၊ AD 2000 နှင့် မိုးကောင်းမြို့နယ်ရှိ ကျွန်းတော IDP စခန်း စုစုပေါင်း (၃)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၆၉၈)ဗူး၊ ဆပ်ပြာ(၁၈၈၀)ခဲ၊ ထုံးအိတ်(၃၀)အိတ်နှင့် အပူချိန်တိုင်း ကိရိယာ(၃)ခု၊ လက်ဆေးစင်(၆)ခု၊ အဝတ် Mask (၃၆၁၆)ခု၊ Hand Speaker (၂)ခုနှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ IDP စခန်း သို့ သွားရောက်၍ အဝတ် Mask (၁၂၇၂)ခု၊ လက်သန့်ဆေးရည် (Hand gel) (၂၁၀)ဗူးနှင့် ဗီနိုင်း(၄)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်
ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: MSWRR

#ha_otr
#npw_may2020

Sign Up

Upcoming Events