လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရတနာပုံရပ်ကွက်မှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁,၀၀ဝ) ကျပ်အား (၂၁-၅-၂၀၂၀) ရက်နေ့ (၁၁:၄၅) အချိန်တွင် ပြည်သူ့လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#sgg_may2020

Sign Up

Upcoming Events