လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့အတွင်း ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘုန်းကြီးကျောင်း( ၁ )ကျောင်း၊ ဘုရားရှိခိုကျောင်း ရှိအဆောက်အဦ ( ၂ ) လုံးနှင့် အမိုးလန်အိမ်ခြေ (၁၄)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၄) အိမ်ထောင်စာ၊ လူဦးရေ(၇၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄၉၁၀၀/-)ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၁၂၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆၁၁၀၀/-)ကျပ်အား (၂၁-၅-၂၀၂၀) ရက်နေ့တွင်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#shn_may2020