Author Archives: Department of Disaster Management
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက် နေ့၌ သရက်ချောင်းမြို့နယ် ၊ ကြာအင်းကျေးရွာအုပ်စုရှိ ကြာအင်းကျေးရွာ၊ ပန်းဒေါ့ကျေးရွာ ၊သူရဲတောင်ကျေးရွာနှင့် ကြက်စာပြင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှပေးပို့လာသော UNICEF မှလှူဒါန်းသည့် Hygiene Kit-E (၃၀) ဘူးကို ၎င်းကျေးရွာ(၄)ရွာရှိ ဆင်းရဲနွမ်းပါးသည့် … Read more
-
Quarantine Center များသို့ Hygiene Kit (E) များ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၆-၁-၂၀၂၀) ရက်နေ့နှင့် (၂၇-၁-၂၀၂၁) ရက်နေ့တို့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သီလရှင်စာသင်တိုက်များနှင့် Quarantine Center များသို့ သွားရောက်၍ Unicef Myanmar မှ လှူဒါန်းထားသည့် Hygiene Kit (E) 2020 ဖာ (၂၄၇) ဖာအား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jan2021
-
မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန်တွင် ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ လေယာဉ်ကွင်းရှေ့၌ မီးဘေးအသိပညာပေး (၉x၆) ပေ ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #sgg_jan2021
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၂:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းရှိ ရွှေရောင်ပြကျေးရွာ၊ အဝင်းကြီးကျေးရွာနှင့် မိကျောင်းအင်းကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေး အသိပညာပေးခြင်းလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2021
-
မီးဘေးအသိပညာပေးပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့၌ ဖောင်းပြင်မြို့နယ်အတွင်းရှိ ပြည်သူ/ပြည်သားများ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိနိုင်စေရန်အတွက် မြို့မဈေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံတွင် (၉ x ၆) ပေ မီးဘေးအသိပညာပေး ပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_fir #sgg_jan2021
-
Covid-19 ကူးစက်ရောဂါနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် Hygiene kit(E)၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့် ဆေးရည်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား လယ်ဝေးမြို့နယ်၊ ဝိသာခါပုဏ္ဏမီသီလရှင်စာသင်တိုက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခဏသီရိရပ်ကွက်တို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ Hygiene kit(E)၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့် ဆေးရည်များအား ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ညောင်ပင်ကြီးစုအရှေ့ကျေးရွာ၊ ညောင်ပင်ကြီးစုမြောက်ကျေးရွာ၊ ငါ့မောင်းကျေးရွာ၊ မကျီးမင်စုကျေးရွာ၊ မင်းကန်ကြီးကျေးရွာ၊ မင်းကန်တိုက်ကျေးရွာ၊ သီးကုန်းကျေးရွာ၊ ပေပင်စုကျေးရွာ၊ ဈေးစုကျေးရွာများတွင် COVID-19 ရောဂါနှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ သဘာဝဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021
-
Covid-19 ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့၌ ပုလော မြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ပြည်ခြားကျေးရွာ၊ မင်းကကြဲကျေးရွာ၊ ဝါးကုန်းကျေးရွာ၊ ကျောက်မှော် ကျေးရွာ၊ ကထောင်းနီကျေးရွာ၊နန်းတောင်ကျေးရွာ၊ မျှစ်ချဉ်စုကျေးရွာ တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်း၊ ဗွီနိုင်းနှင့်လက်ကမ်းစာစောင်များ ဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ချောင်းဆင်း (တဲတိုက်)ရှိ အိမ်ခြေ (၁၀၁) လုံး၊ အိမ်ထောင်စု (၁၀၇) စု၊ လူဦးရေ (၅၀၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၆- ၁-၂၀၂၁) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_jan2021 Source: … Read more
-
ထိခိုက်သေဆုံးသူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော KNU အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေသူ (၂) ဦးအား (၁) ဦးလျှင် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်အား ၎င်းတို့မိသားစုဝင်များထံသို့ (၂၆-၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) အချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #bgo_jan2021
