လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့၌ ပုလော မြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ပြည်ခြားကျေးရွာ၊ မင်းကကြဲကျေးရွာ၊ ဝါးကုန်းကျေးရွာ၊ ကျောက်မှော် ကျေးရွာ၊ ကထောင်းနီကျေးရွာ၊နန်းတောင်ကျေးရွာ၊ မျှစ်ချဉ်စုကျေးရွာ တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်း၊ ဗွီနိုင်းနှင့်လက်ကမ်းစာစောင်များ ဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)