
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက် နေ့၌ သရက်ချောင်းမြို့နယ် ၊ ကြာအင်းကျေးရွာအုပ်စုရှိ ကြာအင်းကျေးရွာ၊ ပန်းဒေါ့ကျေးရွာ ၊သူရဲတောင်ကျေးရွာနှင့် ကြက်စာပြင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှပေးပို့လာသော UNICEF မှလှူဒါန်းသည့် Hygiene Kit-E (၃၀) ဘူးကို ၎င်းကျေးရွာ(၄)ရွာရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု (၃၀)စုအား ပြန်ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_jan2021
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)