
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ညောင်ပင်ကြီးစုအရှေ့ကျေးရွာ၊ ညောင်ပင်ကြီးစုမြောက်ကျေးရွာ၊ ငါ့မောင်းကျေးရွာ၊ မကျီးမင်စုကျေးရွာ၊ မင်းကန်ကြီးကျေးရွာ၊ မင်းကန်တိုက်ကျေးရွာ၊ သီးကုန်းကျေးရွာ၊ ပေပင်စုကျေးရွာ၊ ဈေးစုကျေးရွာများတွင် COVID-19 ရောဂါနှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ သဘာဝဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jan2021