
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော KNU အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေသူ (၂) ဦးအား (၁) ဦးလျှင် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်အား ၎င်းတို့မိသားစုဝင်များထံသို့ (၂၆-၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) အချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#bgo_jan2021