Covid-19 ကူးစက်ရောဂါနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် Hygiene kit(E)၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့် ဆေးရည်များ ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား လယ်ဝေးမြို့နယ်၊ ဝိသာခါပုဏ္ဏမီသီလရှင်စာသင်တိုက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခဏသီရိရပ်ကွက်တို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ Hygiene kit(E)၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့် ဆေးရည်များအား ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ar
#npw_jan2021

Sign Up

Upcoming Events