Author Archives: Department of Disaster Management
-
သောက်သုံးရေ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်၊ ရွာမွန်သာကျေးရွာအုပ်စု၊ ရွာမွန်သာကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေခြင်းအတွက် သောက်သုံးရေဂါလန် (၁,၇၀၀) ကိုထပ်မံသွားရောက်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။ Source: မိတ္ထိလာခရိုင်ဦးစီးမှူးရုံး #ha_drg #mdy_jun2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၆-၂၀၂၀) ရက်နေ့ ၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ကတွဲကျေးရွာနှင့် ဘတ်ကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #tny_jun2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၅-၆-၂၀၂၀)ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #mgy_jun2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ ကံကြီး ကျေးရွာအုပ်စု၊ ပေါက်ဆိန်ကုန်းကျေးရွာ (၄-၆-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရသူ(၃)ဦးအတွက် ငါးပြည်တွင်းထောက် ပံ့ရန်ပုံငွေ (၁၅၀၀၀ဝိ/-)ကျပ်ကို ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး၊ ကံကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၅-၆-၂၀၂၀)ရက်နေ့ ၊ (၁၆:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဘေးသင့်ပြည်သူ (ဒဏ်ရာရလူနာ) များလက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ … Read more
-
Multi-purpose Shelter အဆောက်အဦပြုပြင်မွမ်းမံမှုအား ကြည့်ရှုခြင်းနှင့် ဖလမ်းမြို့ Multi-purpose Shelter ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသည့်အတွက် လွှဲပြောင်းလက်ခံမှုသတင်း
ချင်းပြည်နယ်၊ ဟားခါးမြို့၊ Multi-purpose Shelter ကြမ်းခင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၄-၆-၂၀၂၀) ရက်နေ့ (၀၉း၀၀) အချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်သောအဖွဲ့မှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းအပြင် အဆောက်အဦအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာနှင့် (၁၁)ကေဗွီလိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အတူ (၄-၅-၂၀၂၀)ရက်နေ့ (၁၄း၀၀)အချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ Multi-purpose Shelter (၉၀´×၆၀´) နှစ်ထပ်အဆောက်အဦ ၁၀၀% ပြီးစီးမှုကို စစ်ဆေး၍ လွှဲပြောင်းလက်ခံခဲ့ပါသည်။ Covid-19 … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀)ရက်နေ့၊ (၂၄း၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်ကြီး ကျေးရွာအုပ်စု၊ပန်းတင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆,၀၀၀ိ/-) ကျပ်၊ ဘေးသင့် လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊စုစုပေါင်းထောင်ပံ့ငွေ (၅၄,၄၀ဝိ/-)ကျပ်တို့အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၅း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_sgw #npw_jun2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့နှင့်(၃-၆-၂၀၂၀)ရက်နေ့တို့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာ (၂၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၆)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ အမိုးလန်နေအိမ် (၈၈)လုံးတို့အား အိမ်ဆောက်/ကျောင်းပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၇၄၀၀၀/-) ကျပ်၊ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ ( ၃၁၀၇၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စုစာတို့အား (၅-၆-၂၀၂၀)ရက်နေ့ နေ့လယ် … Read more
-
မြေအက်ကွဲကြောင်းပေါ်ပေါက်လာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ လက်ပံပုကျေးရွာ၌ မြေအက်ကွဲကြောင်းပေါ်ပါက်လာမှ်ကြောင့် (၅.၆.၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ပြီး ရပ်ရွာလူထုအား ဖြစ်စဉ်ကိုသုံးသပ်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန် ရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #bgo_jun2020 Source: ပြည်ခရိုင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခင်စိုက်ထူထားသော မီးဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အစား ရေဘေး အသိပညာ နှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများ သိရှိစေရန်အတွက် သဘာဝဘေး အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်ကို ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ (၅-၆-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #office_dev #ayy_jun2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀) ရက်နေ့တွင် ကျွန်းစု မြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ကော်မယ်အရှေ့ကျေးရွာ လေဘေးမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူ(၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-) ကျပ်၊ စုစုပေါင်း (၁၁၀,၅၀၀/-) ကျပ်အား (၅-၆-၂၀၂၀) ရက်နေ့၊ (၁၄:၄၀)အချိန်တွင် ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
