
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀)ရက်နေ့၊ (၂၄း၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်ကြီး ကျေးရွာအုပ်စု၊ပန်းတင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆,၀၀၀ိ/-) ကျပ်၊ ဘေးသင့် လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊စုစုပေါင်းထောင်ပံ့ငွေ (၅၄,၄၀ဝိ/-)ကျပ်တို့အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၅း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#npw_jun2020