လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့နှင့်(၃-၆-၂၀၂၀)ရက်နေ့တို့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာ (၂၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၆)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ အမိုးလန်နေအိမ် (၈၈)လုံးတို့အား အိမ်ဆောက်/ကျောင်းပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၇၄၀၀၀/-) ကျပ်၊ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ ( ၃၁၀၇၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စုစာတို့အား (၅-၆-၂၀၂၀)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#bgo_jun2020