ချင်းပြည်နယ်၊ ဟားခါးမြို့၊ Multi-purpose Shelter ကြမ်းခင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၄-၆-၂၀၂၀) ရက်နေ့ (၀၉း၀၀) အချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်သောအဖွဲ့မှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းအပြင် အဆောက်အဦအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာနှင့် (၁၁)ကေဗွီလိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ (၄-၅-၂၀၂၀)ရက်နေ့ (၁၄း၀၀)အချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ Multi-purpose Shelter (၉၀´×၆၀´) နှစ်ထပ်အဆောက်အဦ ၁၀၀% ပြီးစီးမှုကို စစ်ဆေး၍ လွှဲပြောင်းလက်ခံခဲ့ပါသည်။ Covid-19 စောင့်ကြည့်လူနာများ ထားရှိရေးအတွက် ရေ၊ မီး ကိစ္စများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိုနှိုင်းပေးခဲ့ပြီး ဌာနပိုင်လျှပ်စစ်မီတာရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#infra_dev
#chn_jun2020
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)