
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀) ရက်နေ့တွင် ကျွန်းစု မြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ကော်မယ်အရှေ့ကျေးရွာ လေဘေးမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူ(၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-) ကျပ်၊ စုစုပေါင်း (၁၁၀,၅၀၀/-) ကျပ်အား (၅-၆-၂၀၂၀) ရက်နေ့၊ (၁၄:၄၀)အချိန်တွင် ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#tny_jun2020