လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခင်စိုက်ထူထားသော မီးဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အစား ရေဘေး အသိပညာ နှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများ သိရှိစေရန်အတွက် သဘာဝဘေး အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်ကို ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ (၅-၆-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#office_dev
#ayy_jun2020