Author Archives: Department of Disaster Management

  • Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝါးတန်းကျေးရွာ၊ ဖောင်းကား‌ကျေးရွာ၊ တောင်ပလူ‌ကျေးရွာ၊ ကျော်ရွာ‌ကျေးရွာ၊ အောင်ချမ်းစည်‌ကျေးရွာ၊ ညောင်ပင်ကြီး‌ ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး ရေဘေး၊ မိုးကြိုးဘေး၊ COVID-19 ရောဂါတို့နှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်နေသော သာစည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ ရွာပုလဲ‌လေးကျေးရွာသို့ သောက်သုံးရေဂါလန် (၁၇၀၀) ကို (၂၄- ၆-၂၀၂၀) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_jun2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၄-၆-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စုအတွင်းရှိ ကျုံလတာကျေးရွာ၊ ပန်းမောက်ခုံကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာနှင့် ပိုက်ချက်ကျေးရွာများတွင်  Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများပြုလုပ်ခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၄၂၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံးနှင့် Care Myanmar ပိုက်ဖျာ(၁) ချပ်တို့အား (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် … Read more

  • စက်ရေတွင်းပြုပြင်ရန်အတွက်ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝာာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ရေလာကျေးရွာအုပ်စု၊ ရေလာလေး ကျေးရွာတွင် အိမ်ခြေ(၁၆၇)၊ အိမ်ထောင်စု(၁၇၇)စု၊ လူဦးရေ(၈၈၅)ဦး အသုံးပြုလျက်ရှိသော စက်ရေတွင်းပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၂,၄ဝဝ,ဝဝဝိ/-)၊ (ကျပ်နှစ်ဆယ့်လေးသိန်း တိတိ)အား ပခုက္ကူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ စက်ရေတွင်း ပြုပြင်ရေးကော်မတီထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူများအား ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #mgy _jun2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါးမြို့ နယ်အတွင်းရှိ ဇရပ်ခင်ရွာဟောင်းကျေးရွာ၊ ဇရပ်ခင်ရွာသစ်ကျေးရွာ၊ သဲဖြူရွာဟောင်းကျေးရွာ သဲဖြူရွာသစ်ကျေးရွာအောက်တဲစုကျေးရွာနှင့် ပဲနွယ်ကုန်းမြို့ကမ္ဘောဇရပ်ကွက်၊ သံမဏိရပ်ကွက် တို့တွင်(၂၄-၆-၂၀၂၀) ရက်နေ့နံနက် (၁၀.၀၀) နာရီအချိန်မှစတင်၍ COVID-19 ကူးစက် ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်၊ သံတံတားချောင်းအတွင်း အမှိုက်များပိတ်ဆို့မှုကြောင့် ချောင်းဘေး ဝဲယာရှိ လယ်ဧက(၁၀၀)ကျော်သည် ရေရရှိရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယင်းချောင်းအတွင်းရှိ အမှိုက်များဖယ်ရှားပြီး ရွှံ့နွံများအား တူးဖော်ရန် လိုအပ်သည့် စက်သုံးဆီဖိုး(၆၀၀,၀၀၀/-)ကျပ်နှင့် စက်ငှားရမ်းခ (၁,၄၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၂,၀၀၀,၀၀၀/-)ကျပ်အား ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလေး မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ကလေးမြို့နယ်၊ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် နံနက် (၀၈:၃၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ ကခလးခရိုင်၊ ကလေးမြို့၊ ချင်းဆိုင်ကျေးရွာ၊ မြို့ကြီးကုန်းကျေးရွာ၊ နဂါးပွက်ကျေးရွာ ၊ သာယာကုန်းကျေးရွာ၊ သာယာဝတီကျေးရွာ၊ ထိုမာကျေးစွာများသို့ သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ နန္ဒဝင်ရပ်၊ နယ်မြေ (၁)၊ နယ်မြေ (၂)၊ နယ်မြေ(၃)၊ နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၆)၊ နယ်မြေ(၇) များတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းပေးရရှိပါသည်။ #ar #sgg_jun2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ လိမ်‌တော ကျေးရွာအုပ်စု၊ ရွာပုလဲကျေးရွာ၊ ရွာထောင်ကျေးရွာ၊ လိမ်တောကျေးရွာ၊ ဂုန်တန်ကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ မိုးကြိုးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် သတိပေးချက်များအား လှည့်လည် ကြေညာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020

Sign Up

Upcoming Events