Author Archives: Department of Disaster Management
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဉ္စမနှင့် ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း) ရှင်းလင်းတင်ပြခြင်းနှင့် လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပ
၂၀-၄-၂၀၂၁ ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင် ရာကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် United Nations Convention on the Rights of the Child (UNCRC) တွင် ပါဝင်လက်မှတ်ရေးထိုး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ်တရားတော်နာယူခြင်းအခမ်းအနားကျင်းပ
ဧပြီ ၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော် နာယူခြင်းအခမ်းအနားကို ( ယနေ့ )နံနက် ( ၈:၃၀ ) အချိန်က အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သုဓမ္မသိင်္ဂီ ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း သုဓမ္မမဏိဇောတဓရ ဒေါက်တာ အောင်ကျော်ဝင်း အမှူးပြုသော ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း / အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ ဝန်ကြီးဌာန ဆရာဒကာကျောင်းများဖြစ်သော ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းနှင့် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၁) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေဘိုရပ်ကွက်နှင့် ရှေ့ဆောင်ရပ် ကွက်တို့တွင် Covid-19 ကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_Feb2021
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၂-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ငလျင် ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးနောက်ပိုင်း လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် ဌာနတွင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ပြည်သူများသိရှိအောင် Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_feb2021 Source: တာချီလိတ်မြို့နယ်ဦးစီမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ (၃၁-၁-၂၀၂၁) ရက်နေ့တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ် ၊ လူဦးရေ(၃)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ် ၊စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀) ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အတူ တာဝန်ရှိသူများထံ (၂-၂-၂၀၂၁) ရက်နေ့၊ (၁၃:၃၀)နာရီ အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_feb2021 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၁) ရက်နေ့တွင် လျှပ်စစ်မိန်းခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သော မြိတ် မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ မီးဘေးသင့်လုံးဝပျက်စီး အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် လူ ဦးရေ (၅၆) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၁၇,၆၀၀/-) ကျပ်၊ ၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၇,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပါ … Read more
-
Hygiene Kit-E နှင့်လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၁) ရက်နေ့ (၁ဝ:၀၀) နာရီအချိန်တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုနိုင်ရန် ရွှေဘိုတက္ကသိုလ် Quarantine Center အတွက် Hygiene Kit-E (၂၀) ဖာနှင့် လက်သန့်ဆေးရည် (500ml) (၁၀) ဘူးတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #sgg_feb2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၁) ရက်နေ့၌ ဘုရားသုံးဆူမြို့နယ်၊ ဖားပြကျေးရွာအုပ်စု၊ ဆိပ်ဖူးကုန်းရပ်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀,၀၀၀၀/-)ကျပ်တို့အား (၁-၂-၂၀၂၁) ရက်နေ့၊ နံနက်(၁၁းဝ၀)နာရီအချိန်တွင် ဖားပြအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_feb2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်စီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၁) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာနှင့် ဆင်လျှော ကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာ ရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ ကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #shn_jan2021 Source: ရှမ်းပြည်နယ်ဦးစီမှူးရုံး … Read more
-
COVID-19 အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်စောက်မြို့နယ် ဆပ်သေကျေးရွာနှင့် ဘုရားကုန်းကျေး ရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #shn_jan2021 Source: ရှမ်းပြည်နယ်ဦးစီမှူးရုံး (ဘစမ)
